ပန်းတောင်းမြို့နယ်၊ပုသိမ် - မုံရွာ ကားလဘေးမှ တရားမဝင်ကျွန်းခွဲသားများဖမ်းဆီးရမိ

သစ်တောဦးစီးရုံးချုပ်၏ ချပြသတင်းအရ ၂၇-၇-၂၀၁၉ နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ပုသိမ် - မုံရွာ ကားလမ်း ဘေး ရောင်ကြီးကျေးရွာအရှေ့ဘက် (၄) ဖာလုံခန့် အကွာနေရာတွင် တရားမဝင်ကျွန်းခွဲသား (၁၉)ချောင်း (၁.၆၅၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင် ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, July 29, 2019 - 15:45