ဗန်းမောက်မြို့နယ်၊ ကံတော်ရွာတောင်ဘက်(၃)မိုင်ခန့်အကွာတွင် တရားမဝင် သစ်၊ သစ်စက် (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

၂၅-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ကံတော်ရွာ တောင်ဘက်(၃)မိုင်ခန့်အကွာတွင် တရားမဝင် ကျွန်း(၃၉၄)လုံး/ချောင်း (၁၈.၃၃၅၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, July 29, 2019 - 15:45