ပန်းတောင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ဦးစီးရုံးချုပ်၏ ချပြသတင်းအရ ၂၉-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဉသျှစ်ပင်မှ ကံမနယ်စပ်မိုင်တိုင် (၁၄၆/၅)အထိ ပုသိမ်-မုံရွာလမ်း ဝဲယာတစ်လျောက်နှင့် ရေကျော်ပေါက် မိုင်တိုင်(၁၄၀/၄)မှ အနောက်ဖက်(၁) မိုင် ခန့်အကွာ သနီချောင်းဘေးနေရာတစ်ဝိုက်တွင် တရားမဝင် ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ (၂၉၈) ချောင်း (၅၀.၅၄၉၄))တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, July 31, 2019 - 14:30