ကလောမြို့နယ်(ပူးတွဲ)ပင်လောင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပင်လောင်း-ပျဉ်းမနားသွားကားလမ်း၊ မိုင်တိုင် အမှတ်(၄၇/၁)နှင့် (၄၇/၂) ကြားရှိတောတွင်းနေရာ ယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက်စကွဲယား (၁၁)တုံး (၂.၁၇၃၄)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, August 1, 2019 - 13:45