ကျွန်းစုမြို့နယ်၊အနောက်စူဠာကျွန်းအနီးတွင်စက်လှေ(၁)စီးနှင့်အတူတရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၆-၇-၂၀၁၉ ရက်နေ့တွင် စစ်ရေယာဉ်(၅၆၆)မှ ဗိုလ်မှူးထွန်းထွန်းလတ်(ရေ-၄၂၀၁)ဦးစီးအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အနောက်စူဠာကျွန်းအနောက်ဘက်ရေပြင်တွင် စက်လှေ(၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၄၅၉၄)ချောင်း (၃၄.၅၀၄၆)တန်အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၃၀-၇-၂၀၁၉ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲအပ်လာပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, August 1, 2019 - 13:45