ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီးလမ်း(၉/၃)အနီးတွင် ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက် ခွဲသားများ ဖမ်းဆီးရမိ

၃၀-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေး ရွာအနီး၊ မုံရွာ-ယာကြီးလမ်း(၉/၃)အနီး တရားမဝင် ပိတောက်ခွဲသား (၁၂)ချောင်း (၁.၃၃၇၂) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, August 1, 2019 - 13:45