သယံဇာတများရေရှည်တည်တံ့နိုင်စေရန်စီမံအုပ်ချုပ်နိုင်ရေးစွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း( Project for Capacity Building for Sustainable Natural Resource Management - FDSNR)၏စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးကော်မတီဒုတိယအကြိမ်အစည်းအဝေးကျင်းပ

သယံဇာတများရေရှည်တည်တံ့နိုင်စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း ( Project for Capacity Building for Sustainable Natural Resource Management - FDSNR ) ၏ စီမံကိန်းလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ( Joint Coordinating Committee ) ဒုတိယအကြိမ် အစည်းအဝေးအား ၂ - ၈ - ၂၀၁၉ ရက်နေ့ နံနက် ( ၀၉ : ၀၀ ) နာရီတွင် ခေါင်တိုင် ( ဟူပင်ဟိုတယ် ) ညောင်ရွှေမြို့တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ( မူဝါဒနှင့်စီမံကိန်း ) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာရှိများ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ အရာရှိများ၊ FDSNR ၏ JCC Committee မှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Friday, August 2, 2019 - 13:30