ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဥတ္တရခရိုင် ၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ် (၂၉၊၃၀) အတွင်း ၂၀၁၉ ခုနှစ် စိမ်းလန်းစိုပြည်ရေးစိုက်ခင်း( ၁၀၀) ဧကတွင်သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဥတ္တရခရိုင် ၊ ဥတ္တရသီရိ မြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ် (၂၉၊၃၀) အတွင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း လှူဒါန်းငေွဖြင့် တည်ထောင်သည့် ၂၀၁၉ ခုနှစ် စိမ်းလန်းစိုပြည်ရေးစိုက်ခင်း( ၁၀၀) ဧကတွင် (၃-၈-၂၀၁၉) နေ့ နံနက် (၈:၀၀) အချိန် က သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရုံး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း နှင့် ညွှန်ကြားရေးမှူးများ ၊ အရာထမ်း၊ အမှူထမ်းများ နေပြည်တော်ကောင်စီနယ်မြေသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်း အမှုထမ်းများ လယ်ဝေးမြို့နယ်မှ အရာထမ်း အမှုထမ်းများ မြန်မာနိုင်ငံ သစ်တောကျောင်း ပြင်ဦးလွင် မှ ဒုတိယနှစ်သင်တန်းသားများသည် ပိတောက်ပင် (၅၀၀) ခန့်ကို ုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

date: 
Monday, August 5, 2019 - 10:15