တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ကူမင်းမြို့တွင်APFNetမှဦးဆောင်ကျင်းပသည့်အလုပ်ရုံဆွေးနွေးပွဲရလဒ်အဖြစ်ထုတ်ဝေခဲ့သည့်Degraded Forest Rehabilitation and Sustainable Management in the Asia-PacificRegionစာတမ်းပါနိုင်ငံအလိုက်သုတေသနစာတမ်းများအားဘာသာပြန်ဆိုရှင်းလင်းပွဲ

၂၀၁၄ ခုနှစ်၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် APFNet မှ ဦးဆောင်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်အဖြစ် ထုတ်ဝေခဲ့သည့် Degraded Forest Rehabilitation and Sustainable Management in the Asia-Pacific Region စာတမ်းပါ နိုင်ငံအလိုက် သုတေသနစာတမ်းများအား သက်ဆိုင်ရာအခန်းအလိုက် ဘာသာပြန်ဆို ရှင်းလင်းပွဲ အခမ်းအနားအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အင်ကြင်းခန်းမတွင် ၅-၈-၂၀၁၉ ရက်နေ့၊ နံနက် ( ၉ : ၃၀ ) နာရီတွင် ကျင်းပပြုလုပ်ပါသည်။ စာတမ်းဖတ်ပွဲတွင် စာတမ်းအား ဘာသာပြန်ဆိုသူ ( ၁၄ ) ဦးတို့မှ မိမိတို့နှင့် သက်ဆိုင်သော စာတမ်းများအား အသီးသီးဖတ်ကြား တင်ပြကြပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးဇော်မင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် နှင့် သစ်တောဦးစီးဌာန/ သစ်တောသုနေသနဌာန မှ အရာရှိများ တက်ရောက်ကြပါသည်။

date: 
Monday, August 5, 2019 - 15:45