ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောရွာမှရဲရွာရေအား လျှပ်စစ်သွားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၃-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောရွာမှရဲရွာရေအား လျှပ်စစ်သွားလမ်းဘေး၊ ကျောက်ချောကျေးရွာအနီးတွင် မော်တော်ယာဉ်အမှတ်(9C/5281) Lifan (၆)ဘီး ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(MDY 2F/6582) Mitsubishi Canter (၆)ဘီး ယာဉ်(၂)စီးပေါ်မှ တရားမဝင်ကျွန်းသစ်/ခွဲသား(၃၁)လုံး/ချောင်း (၅.၄၉၄၂)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, August 6, 2019 - 14:15