မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ ရေရှည်တည်တံ့စေရေး စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း(GEF-5) ၏ စီမံကိန်းဘုတ်အဖွဲ့ (၅)ကြိမ်မြောက်အစည်းအဝေး” နှင့် “GEF-6(R2R) စီမံကိန်း၏ တတိယအကြိမ်မြောက် စီမံကိန်းဘုတ်အဖွဲ့ အစည်းအဝေး ကျင်းပ

သစ်တောဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)နှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS)တို့သည် ၂၃-၆-၂၀၁၅ ရက်နေ့မှ ၂-၆-၂၀၂၀ ရက်နေ့အထိ (၅)နှစ်သက်တမ်းရှိသည့် Project Document လက်မှတ်ရေးထိုး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Global Environmental Facility-GEF)၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ ရေရှည်တည်တံ့ရေး စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်း လုပ်ငန်း(GEF-5) စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြီးစီးခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် ရန်ပုံငွေသုံးစွဲ မှုများအား ကြီးကြပ်လမ်းညွှန်ဆွေးနွေးနိုင်ရန်အတွက် “မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ ရေရှည်တည်တံ့စေရေး စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်း(GEF-5) ၏ စီမံကိန်းဘုတ် အဖွဲ့ (၅)ကြိမ်မြောက်အစည်းအဝေး” နှင့် “GEF-6(R2R) စီမံကိန်း၏ တတိယအကြိမ်မြောက် စီမံကိန်းဘုတ်အဖွဲ့ အစည်းအဝေး” တို့ကို ၃၀-၇-၂၀၁၉ ရက်နေ့တွင် နိုဗိုတယ်ဟိုတယ်l၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အထက်ပါအလုပ်ရုံဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး (ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန)၊ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ GEF-5 ၏ စီမံကိန်းဘုတ်အဖွဲ့ဝင်များ၊ GEF-6(R2R) ၏ စီမံကိန်းဘုတ်အဖွဲ့ဝင်များ၊ UNDP မှ ကိုယ်စား လှယ်များ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၃၂)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
သစ်တောဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော GEF-5ဘုတ်အဖွဲ့၏ (၅) ကြိမ်မြောက် အစည်းအဝေးတွင် ယခင် (၄) ကြိမ်မြောက် စီမံကိန်း ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ရန်ပုံငွေသုံးစွဲမှုများ၊ ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များနှင့် ထပ်မံကျင်းပမည့် ဘုတ်အဖွဲ့အစည်းအဝေးကာလအား အတည်ပြုခြင်းများ ဆေွးနွေးခဲ့ကြပါသည်။
သစ်တောဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော R2R စီမံကိန်း၏ တတိယအကြိမ် ဘုတ်အဖွဲ့ အစည်းအဝေးတွင် R2R စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံအဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှု များ အား ဖြေလျော့ပေးနိုင်ရန် စီမံကိန်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲလူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာလိုက်နာဆောင်ရွက်မှုကြီးကြပ်ရေးဌာန (Social and Environmental Compliance Unit –SECU)၏ စိစစ်သုံးသပ်ချက်အစီရင်ခံအား စောင့်ဆိုင်း ရန်နှင့် သုံးသပ်ချက်များအပေါ်မူတည်၍ စီမံကိန်းဒီဇိုင်းအား လိုအပ်သလိုပြင်ဆင်ရေးဆွဲရန် ဆွေးနွေးခဲ့ကြပါသည်။

date: 
Tuesday, August 6, 2019 - 16:15