မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာ၊ အမှတ်(၈)ရပ်ကွက်၊ ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ်တွင် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်ကျွန်းတံခါးချပ်/ပြူတင်းပေါက်များ ဖမ်းဆီးရမိ

၄-၈-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာ၊ အမှတ်(၈)ရပ်ကွက်၊ ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ်၊ အ.ထ.က ကျောင်းရှေ့တွင် မော်တော်ယာဉ်အမှတ် (YGN 6F/2169) Mazda Light Truck ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 6G/6134) SUZUKI ယာဉ်တို့ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက်/ပြူတင်းပေါက်(၅၁)ချပ် (၀.၇၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, August 7, 2019 - 13:45