ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာအနီး တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ဗိုလ်မှူးသူရိန် ဦးစီးသော တပ်မတော်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာ၏ အနောက်တောင်ဘက်(၂)မိုင်ခန့်အကွာနေရာ၌ တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်းသစ်/ခွဲသား(၆၈)လုံး/ချောင်း (၂၃.၅၈၅၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, August 7, 2019 - 14:15