ရွှေကူမြို့နယ်၊ ရေပျံလေးရပ်ကွက်အတွင်း သုံးဘီးဆိုင်ကယ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၈-၂၀၁၉ ရက်နေ့တွင် နေပြည်တော်၊ သစ်တောဦးစီးရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ရေပျံလေးရပ်ကွက်အတွင်း တရားမဝင် ကျွန်း/အင်ခွဲသား(၅၃၃)ချောင်း (၉.၁၀၆၆)တန်နှင့် သုံးဘီးဆိုင်ကယ်(၁)စီးတို့အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, August 7, 2019 - 14:15