မြန်မာနိုင်ငံသစ်တောကျောင်းပြင်ဦးလွင်မှအခြေခံသစ်တောပညာ(၂)နှစ်သင်တန်း အမှတ်စဉ်(၁၁၄) သင်တန်းသား(၅၆)ဦးတို့သည်သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ရုံးဌာနများသို့လေ့လာရေးခရီးစဉ်လာရောက်

၇-၈-၂၀၁၉ ရက်နေ့ (၀၉:၀၀)နာရီအချိန် မြန်မာနိုင်ငံသစ်တောကျောင်းပြင်ဦးလွင် အမှတ်စဉ်(၁၁၄)သင်တန်းသား (၅၆)ဦးတို့သည် ညွှန်ကြားရေးမှူးချုပ်ရုံး RS/GIS ရုံးခန်း၌ မြေပုံရေးဆွဲခြင်းဆိုင်ရာ အချက်အလက်များကို ဒေါ်သန့်ဇင်မော်(ဦးစီးအရာရှိ)မှ လည်းကောင်း၊ အင်ကြင်းခန်းမ၌ CF ဆိုင်ရာလုပ်ငန်းများကို တိုးချဲ့ပညာပေး ရေးဌာနမှ ဦးစိန်မိုး(လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း)၊ MRRP လုပ်ငန်းများဆိုင်ရာ အကြောင်းကို သဘာဝတောနှင့်စိုက်ခင်းဌာနမှ ဦးသောင်းဦး(လက်ထောက်ညွှန်ကြား ရေးမှူးမှလည်းကောင်း၊ ဒီရေတောအကြောင်း သိကောင်းစရာများကို ဒေါက်တာ သင်းသင်း(ဦးစီးအရာရှိ)ရေဝေရေလဲဌာနမှလည်းကောင်း၊ ရေဝေရေလဲနှင့် သယံဇာတ အုပ်ချုပ်မှုအကြောင်းအရာများကို ဦးစည်သူအောင်(ဦးစီးအရာရှိ)ရေဝေရေလဲဌာန မှလည်းကောင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများအကြောင်းကို ဒေါက်တာ တင်ဇာကြွယ်(လက်ထောက်ညွှန်ကြားရေးမှူး) ဝန်းကျင်သားငှက်ဌာနမှလည်းကောင်း ရှင်း လင်းသင်ကြားပို့ချမှုပြုလုပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်မှ နိဂုံးချုပ်အမှာစကားပြောကြားပါသည်။

date: 
Wednesday, August 21, 2019 - 15:15