ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် လက်ပံခွဲသားများ ဖမ်းဆီးရမိ

၆-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ ရာအိမ်မှူး ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးလမ်းတွင် မော်တော်ယာဉ် အမှတ် (MDY 3B/5659) (Nissan Diesel) (၁၂)ဘီး (အဖြူ/ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင် လက်ပံခွဲသား (၄၄)ချောင်း (၄.၄၆၃၂)တန်အား တရားခံ(၁)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, August 21, 2019 - 15:30