မင်းကင်းမြို့နယ်၊ ကူးဆိပ်ကျေးရွာအနီးတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ ကူးဆိပ်ကျေးရွာ၏ အရှေ့မြောက်ဘက်(၃)ဖာလုံခန့်အကွာနေရာ၌ တရားမဝင် ကျွန်း/အင်သစ်/ပကာ(၄၇၈)လုံး/ချောင်း (၁၆.၁၃၇၂)တန်၊ (၁၃)ကောင်အင်ဂျင်အနီရောင်(၁)လုံး(၉ပေ ၇လက်မရှပ်တန်း(၁)ခုတို့နှင့်အတူ တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 22, 2019 - 10:15