လှည်းကူးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၈-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ နေပြည်တော်-ရန်ကုန် မိုင်တိုင်အမှတ်(၅/၆)၊ လမ်းညာဘက် ညောင်နှစ်ပင်ဇုံသွားလမ်းအတွင်း (၃)ဖာလုံခန့်အကွာတွင် ယာဉ်အမှတ်၊ 7N/3598 (Toyota Hiace အဖြူရောင်)ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၆၇)ချောင်း (၁.၈၂၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 22, 2019 - 10:15