လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲအတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၈-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်ယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သန္နီမြို့နယ်ခွဲ၊ လားရှိုး-မူဆယ်၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၉၁/၄)ပန်ဖတ်ကျေးရွာအနီး ယာဉ် (၂)စီးပေါ်မှ တရားမဝင် ကျွန်း သစ်/ခွဲသား (၁၇၁)လုံး/ချောင်း (၃၀.၈၆၁၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 22, 2019 - 10:15