တန့်ဆည်မြို့နယ်၊ တန့်ဆည်-အင်္ကုက္ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် တမလန်းခွဲသားဆိုဒ်စုံ များဖမ်းဆီးရမိ

၁၅-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ တန့်ဆည်-အင်္ကုက္ကားလမ်း၊ မိုင်တိုင်အမှတ် (၀/၃)ဖာလုံအနီး မော်တော်ယာဉ်အမှတ် (ထ/၅၀၃၄) သရီးကရောင်း(၆)ဘီး၊ အပြာရောင် ယာဉ်ပေါ်မှ တရားမဝင် တမလန်းခွဲသားဆိုဒ်စုံ (၂၀)ချောင်း (၁.၅၃၆၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, August 22, 2019 - 10:30