ကနီမြို့နယ်၊ မုဌောကျေးရွာအောက်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးတွင် စက်လှေ(၁)စီးပါဖောင်(၄)ဖောင်နှင့် တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစီးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မုဌောကျေးရွာအောက်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးတွင် စက်လှေ(၁)စီးပါဖောင်(၄)ဖောင်နှင့်အတူ တရားမဝင်ကျွန်း/အင်ခွဲသား ခန့်မှန်း(၃၃)တန်ခန့်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 22, 2019 - 10:45