ထီးလင်းမြို့နယ်၊ ဆွဲလဲ-ကျင်းသွားရွာချင်းဆက်လမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၁.၈.၂၀၁၉ရက်နေ့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဆွဲလဲ-ကျင်းသွားရွာချင်းဆက်လမ်း အထက်ကျော်ကျေးရွာ၏ မြောက်ဘက်နေရာ၌ ပင်ထောင်ချောင်းထဲထိုးကျတိမ်းမှောက်နေသော A6 ဒါန်းကား ယာဉ်အမှတ်(MDY 6J/1168)(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသားခွဲသား (၂၅)ချောင်း(၁.၉၈၀၆)တန်အား ပိုင်ရှင်မတွေ့ရှိရဘဲ ယာဉ်နှင့် အတူဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အညီထိရောက် စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 22, 2019 - 14:30