တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကြယ်လိပ် ပြကွက်တွင် ကြယ်လိပ်ပေါက်ငယ် (၁) ကောင်ပေါက်ဖွား

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကြယ်လိပ် ပြကွက်တွင်ပြသထားသော ကြယ်လိပ် (အထီး) (၁၁) ကောင်၊ အမ (၁၁) ကောင် တို့အနက် ကြယ်လိပ် (အထီး) ငခဲ နှင့် ကြယ်လိပ် (အမ) အငယ်မ တို့မှ ၂၂-၆-၂၀၁၉ ရက်နေ့တွင် ကြယ်လိပ် ပေါက်ငယ် (၁) ကောင် ပေါက်ဖွားခဲ့ပါ သည်။ ကြယ်လိပ် များသည် တွားသွားသတ္တဝါဖြစ်ပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသမျိုး ရင်းမျိုးစိတ်ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသမန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကတွေ့ရှိရပါသည်။ ကြယ်လိပ် များ၏ ထိန်းသိမ်းမှု အဆင့်သတ်မှတ်ချက်မှာ အပြည်ပြည်ဆိုင်ရာ သဘာဝနှင့် သဘာဝသယံဇာတများထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ပြီး၊ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES) နောက်ဆက်တွဲစာရင်း(၂) အနေဖြင့် ထိန်းသိမ်းထားပါသည်။ ခန္ဓာကိုယ် အလေးချိန်နှင့် အရွယ်အစား မှာ အရွယ်ရောက်သောလိပ်၏ကျောခွံအလျားသည်(၂၆-၂၈)စင်တီမီတာရှိပါသည်။ပြင်ပလက္ခဏာများ အနေဖြင့် ကျောခွံပေါ်တွင် ကြယ်ပုံသဏ္ဍာန် ဖြာထွက်နေသော အဝါရောင်အစင်းကြောင်း များရှိသည်။ အကြေးခွံ၏ အနားသတ်တစ်လျှောက်တွင် အဝါ ရောင် V ပုံသဏ္ဍာန် အစင်းများ ရှိပြီး ရင်ခွံသည် အဝါရောင်ရှိပြီး အနက်ကွက်များရှိသည်။ ခေါင်း ၊ ခြေထောက်နှင့် အမြီးပေါ်တွင် အဝါရောင်အကြေးခွံရှိသည်။ အမြီးဖျားသည် ကြေးခွံအရောင်ဖြစ် သည်။ ကြယ်လိပ်များသည် ခြောက်သွေ့ဒေသရှိ ရွက်ပြတ်တော၊ ဆူးခြုံတော၊ တောင်ကုန်းများ ၏ အခြေများ ၊ ရွက်ကြွေ တောများတွင် ရှင်သန်ပေါက်ဖွားကြသည်။ အသီးအရွက်စားလိပ်ဖြစ်ပါသည်။ မိတ်လိုက်ချိန်မှာ ဇွန်လ မှ သြဂုတ်လအထိဖြစ်ပြီး အောက်တိုဘာလတွင် ဉအု သည်။ ဉအုနှုန်းမှာ တစ်ကြိမ်လျှင် (၃-၈) လုံးအထိအုသည်။ ဉတွင်း သန္ဓေသားဖွံ့ဖြိုးမှုကာလမှာ (၆-၇) လ အထိ ဖြစ်သည်။

date: 
Friday, August 23, 2019 - 14:00