တောရိုင်းတိရစ္ဆာန်များဖြတ်ကူးလမ်း/စင်္ကြံများ( The Corridor Map-a-thon )ရေးဆွဲခြင်းသင်တန်း ဖွင့်လှစ်ကျင်းပ

၂၆-၈-၂၀၁၉ ရက်နေ့၊ နံနက် ( ၀၉ : ၀၀ ) နာရီတွင် နေပြည်တော်၊ Grand Amara Hotel တွင် သစ်တောဦးစီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ ( WWF-Myanmar) တို့ ပူးပေါင်း ကျင်းပသည့် “ တောရိုင်းတိရစ္ဆာန်များဖြတ်ကူးလမ်း/စင်္ကြံများ'' ( The Corridor Map-a-thon )ရေးဆွဲခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( စီမံခန့်ခွဲရေး ) ဦးဇော်မင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားပါသည်။ သင်တန်းသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး သစ်တောအရာရှိများ၊ WWF Myanmar Program၊ Smithsonian Institution-(SI)၊ WCS-Myanmar Program၊ FFI Myanmar Program၊ Friends of Wildlife (FoW) တို့မှ ကိုယ်စားလှယ်များ၊ သင်တန်းဆရာများ၊ သစ်တောဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ သင်တန်းအား၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ( ၂၆ - ၃၀ ) ရက်နေ့ထိ ( ၅ ) ရက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

date: 
Monday, August 26, 2019 - 13:15