လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေးဆိုင်ရာ သင်တန်း” (AFoCO Regular Training Course on “Sustainable Use of Biodiversity for Livelihood Improvement”) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပါသည်။၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက် “လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေးဆိုင်ရာ သင်တန်း” (AFoCO Regular Training Course on “Sustainable Use of Biodiversity for Livelihood Improvement”)ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖွင့်လှစ် ကျင်းပမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၆-၈-၂၀၁၉)ရက်နေ့၌ ကျင်းပခဲ့ရာ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်၊လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ စဉ်ဆက်မပြတ် သုံးစွဲရေး အပေါ် နားလည်မြှင့်တက်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံ များအချင်းချင်း အတွေ့အကြုံများနှင့် လက်တွေ့ကြုံတွေ့နေရသည့် အကြောင်းအရင်းများ မျှဝေနိုင်ရန်နှင့် အတွေ့အကြုံများကို အခြေခံ၍ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပေါ် ဆွေးနွေးကာ အလားအလာရှသော အကြံပြုချက်များနှင့် အတွေ့ခေါ် အယူအဆများပေါ် ထွက်လာစေရန် ရည်ရွယ်လျက် ဤသင်တန်းအစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်၊သင်တန်းသို့ ပြည်တွင်း/ပြည်ပမှ သင်တန်းဆရာ (၆)ဦးနှင့် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘူတန်၊ မြန်မာ၊ မွန်ဂိုလီးယား၊ လာအို၊ ထိုင်းနှင့် အင်ဒိုနီးရှား စသည့် နိုင်ငံ(၁၀)နိုင်ငံမှ သင်တန်းသား/သူ(၂၂)ဦး တက်ရောက်ခဲ့ပြီး ကိုရီးယား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင် မြန်မာနိုင်ငံတို့မှ သင်တန်းဆရာ (၆)ဦးမှ ပို့ချသွားမည်ဖြစ်ပါသည်။

date: 
Tuesday, August 27, 2019 - 13:45