သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား Mr. Mark Grindley၊ Country Director၊ FFI မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၇-၈-၂၀၁၉ ရက်နေ့၊(၁၅:၃ဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား Mr. Mark Grindley၊ Country Director၊ FFI မှ လာရောက်တွေ့ဆုံ၍ စီမံကိန်း အဓိက ရလဒ်များနှင့် အကျိုးသက်ရောက်မှုရလဒ်များ၊ အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေ (MPA)များ တည်ထောင်နိုင်ရေးပံ့ပိုးမှု ရရှိရန်အတွက် ရန်ပုံငွေအဆိုပြုလွှာများပြုစုထားမှု၊ ဧရာဝတီအထက်ပိုင်းဒေသရှိ ရေဝပ်ဒေသ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှု၊ တနင်္သာရီတောင်ပိုင်းဒေသတွင် ဆောင်ရွက်မည့် ITHCP ကျားထိန်းသိမ်းရေးစီမံကိန်း အဆိုပြုလွှာအသစ်ပြုစုထားမှု၊ မြိတ်ကျွန်းစုရှိ ဒီရေတောဒေသအား လူသားနှင့် ဇီဝအဝန်းနယ်မြေ(MAB) အဖြစ်သတ်မှတ်ခံရရေးနှင့် MAB အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ အင်းတော်ကြီးနှင့် မိန်းမလှကျွန်း ဘေးမဲ့တောတို့၌ ACB ၏ အသေးစားရန်ပုံငွေ(Small Grants )ဖြင့်ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၊ သစ်တောဦးစီးဌာမှဆွေးနွေးလိုသည့်အကြောင်းအရာ များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

date: 
Wednesday, August 28, 2019 - 12:45