ကနီမြို့နယ်၊ နတ်လာပို့(မြောက်ရွာဆိပ်ကမ်း)တွင် စက်လှေ(၁)စီးနှင့်အတူ တရားမဝင် အင်ခွဲသားများ ဖမ်းဆီးရမိ

၂၆-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ နတ်လာပို့(မြောက်ရွာ ဆိပ်ကမ်း)တွင် အစိမ်းရောင်စက်လှေအသေး(၁)စီးပါ ဖောင်(၁)ဖောင်မှ တရားမဝင်အင်ခွဲသား (၄၃၂)ချောင်း (၇.၄၆၁၄)တန်အား တရားခံ(၂)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, August 28, 2019 - 14:45