နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၃၄.၅၄၄၁)တန်၊ သစ်မာ(၃၈.၈၉၀၂)တန်၊ အခြား (၄၈.၈၁၅၉)တန်၊ စုစုပေါင်း(၁၂၂.၂၅၀၂)တန်၊ တရားခံ(၅၂)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ၊ ဦးအောင်ကိုမင်း ၏ နေအိမ်အတွင်း တရားမဝင် အင်ခွဲသားဆိုဒ်စုံ(၄၇၂)ချောင်း (၆.၄၈၃၄)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, August 28, 2019 - 15:00