ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ၏ "Creating a Sustainable Future" ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ "Creating a Sustainable Future" ခေါင်းစဉ် ဖြင့် ဟောပြောပွဲအား ၂၈-၈-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ပါသည်။
ဟောပြောပွဲတွင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ "Creating a Sustainable Future" ခေါင်းစဉ်ဖြင့်ဟောပြောရာတွင် Sustainable Development ၊ Natural Resources & the Environment for National Prosperity ၊ Accountability ၊ Performance based Management၊ Work life Bland စသည့်ခေါင်းစဉ်များ ထည့်သွင်းဆွေးနွေးဟောပြောပါသည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသူများမှ ဟောပြောဆွေးနွေးမှုများနှင့် ပတ်သက်၍ မရှင်းလင်းသည်များအားမေးမြန်းဆွေးနွေးကြပြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ မေးမြန်း သည်များကို ပြန်လည်ဖြေကြားပါသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ စုစုပေါင်းအင်အား(၂၇၀)တက်ရောက်ကြပြီး ဟောပြောပွဲအား နေ့လယ်(၁၂:၀၀)နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။

date: 
Wednesday, August 28, 2019 - 15:15