သစ်တောဦးစီးဌာန သို့ အသစ်ဝင်ရောက်လာသော တောအုပ်ကြီး နှင့် သုတေသနလက်ထောက် (၃) များအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသို့ အသစ်ဝင်ရောက်လာသော တောအုပ်ကြီး နှင့် သုတေသနလက်ထောက် (၃) များအား ကြိုဆိုတွေ့ ဆုံပွဲ အခမ်းအနားအား သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် (၂-၉-၂၀၁၉) ရက်နေ့၊ ( ၁၅ : ၀၀ ) နာရီတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။ အခမ်း အနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ အရာထမ်းများ၊ အမှုထမ်းများနှင့် အသစ် ဝင်ရောက်လာသော တောအုပ်ကြီး (၇၁)ဦး၊ သုတေသနလက်ထောက် (၃) (၆)ဦးတို့ တက်ရောက် ကြပါသည်။

date: 
Wednesday, September 4, 2019 - 10:00