သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဝန်ထမ်းမိသားစုတို့၏ “ရာကျော်မေတ္တာဆွမ်းစားကျောင်းဆောင်နှင့် မြေထိန်းနံရံ” ရေစက်ချအလှူတော် မင်္ဂလာ အခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုတို့၏ “ရာကျော်မေတ္တာဆွမ်းစားကျောင်းဆောင်နှင့် မြေထိန်းနံရံ” ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ သဒ္ဓမ္မ ဝေပုလ္လ ပရိယတ္တိစာသင်တိုက်တွင် ( ၃-၉-၂၀၁၉) ရက်နေ့၊ နံနက် ( ၀၅ : ၃၀) နာရီတွင် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် နှင့် ဝန်ထမ်းမိသားစုတို့မှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ-စာရိတ္တ ထံမှ ငါးပါးသီလခံယူ၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် မှ ရာကျော်မေတ္တာဆွမ်းစားကျောင်းဆောင်နှင့် မြေထိန်းနံရံ ဓါတ်ပုံမှတ်တမ်းတို့အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်မှ ရေစက်ချအနုမောဒနာ တရားတော် ဟောကြားချီးမြှင့်ပါသည်။ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

date: 
Wednesday, September 4, 2019 - 10:15