သစ်တောဦးစီးဌာန သို့ အသစ်ဝင်ရောက်လာသော တောအုပ်ကြီး နှင့် သုတေသနလက်ထောက် (၃) များအား သစ်တောဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ ရှင်းလင်းပြောကြား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသို့ အသစ်ဝင်ရောက်လာသော တောအုပ်ကြီး နှင့် သုတေသနလက်ထောက် (၃)များအား သစ်တော ဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ၃-၉-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ် ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ ရှင်းလင်း ပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ အရာထမ်းများ၊ အမှုထမ်းများနှင့် အသစ်ဝင်ရောက်လာသော တောအုပ်ကြီး (၇၁)ဦး၊ သုတေသနလက်ထောက် (၃) (၆) ဦးတို့ တက်ရောက်ကြပါသည်။

date: 
Wednesday, September 4, 2019 - 10:15