စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၅-၉-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်း(၃၁/၆၁/၆၂)အတွင်း၊ ဆည်တော်ကြီးကန်အနီးဝန်းကျင်တို့တွင် တရားမဝင်ပျဉ်းကတိုး/အင်/ ဇောင်းပလွေး/သစ်မကျီး/ ဇင်ပြွန်း/ ဖက်သန်း/သတီ/သစ်ယာ သစ်/ခွဲသား (၁၂၈)လုံး/ချောင်း (၄၄.၃၆၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 9, 2019 - 10:30