လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာ၏ အရှေ့ဘက်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း၊ တံတားဖြူအနီးမော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၅-၉-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာ၏ အရှေ့ဘက်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း၊ တံတားဖြူအနီးတွင် မော်တော်ယာဉ်အမှတ် အရှေ့(8F/3562) အနောက်(8F/8562)နံပါတ်များတပ်ဆင်ထားသော Super Custom (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၁၇)ချောင်း (၀.၈၅၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 9, 2019 - 10:45