ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်း၊ စုပေါင်းစစ်ဆေးရေးစခန်းအနီးမော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၆-၉-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စုပေါင်းစစ်ဆေးရေးစခန်းတာဝန်ကျသစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်း၊ စုပေါင်းစစ်ဆေးရေးစခန်းအနီးတွင် မော်တော်ယာဉ်အမှတ်(SGG 2B/6071) NISSAN DIESEL (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်/ပျဉ်းကတိုးခွဲသား(၁၁၅)ချောင်း (၁၀.၉၁၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 9, 2019 - 15:45