မြန်မာနိုင်ငံ အမျိုးသားအဆင့် REDD+ မဟာဗျူဟာ အတည်ပြု အလုပ်ရုံဆွေးနွေးပွဲကျင်းပ
သစ်တောဦးစီးဌာနနှင့် UNREDD Programme တို့မှ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် REDD+ မဟာဗျူဟာ အတည်ပြု အလုပ်ရုံဆွေးနွေးပွဲအား ၁၀-၉-၂၀၁၉ ရက်နေ့၊ နံနက် (၀၉ : ၀၀)နာရီတွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိများ၊ ဆက်စပ်ဝန်ကြီးဌာန အသီးသီးမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုး မှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလသမဂ္ဂပတ်ဝန်း ကျင် အစီအစဉ် (UN Environment)၊ UNREDD Programme တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အကျိုးဆက်စပ် ပတ်သက်သူများ တက်ရောက်ကြပါသည်။