ကျိုက်ထိုမြို့နယ်၊ ကျောက်ပုံကြီးကွင်းမြောက်ဘက်(၂)ဖာလုံအကွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၉-၂၀၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ ကျောက်ပုံကြီးကွင်းမြောက်ဘက် (၂)ဖာလုံအကွာ ဝင်းကံ-ကြာပန်းခရိုင်ချင်းဆက်လမ်း အရှေ့ဘက်(၁)ဖာလုံအကွာ ရာဘာခြံအနီး တောစပ်မှ တရားမဝင် ပိတောက်/ပျဉ်းကတိုး/သဒီခွဲသား (၈၆)ချောင်း (၅.၇၈၅၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 10, 2019 - 14:45