ဟုမ္မလင်းမြို့နယ်၊ ခိုပဲဝရပ်ကွက်၊ ကျောက်ပုံဆိပ်(ဆိပ်ကမ်း)တွင် တရားမဝင်သစ်များနှင့် စက်လှေ(၁)စီးဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၉-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ခိုပဲဝရပ်ကွက်၊ ကျောက်ပုံဆိပ်(ဆိပ်ကမ်း)နေရာတွင် တရားမဝင် ကျွန်း/အင်ခွဲသား(၃၀၃)ချောင်း (၉.၀၈၀၈)တန် တင်ဆောင်ထားသော စက်လှေ(၁)စီးအား (သိရှိ)တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 10, 2019 - 15:00