မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ကျွဲကူးတံတားအနီးတွင် စက်လှေ(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၉-၂၀၁၉ ရက်နေ့တွင် အမှတ်(၂၆၂)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသန့်ဇင်အောင်ဦးစီးအဖွဲ့မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ကျွဲကူးတံတား၏ အနောက်ဘက်မီတာ(၁၁၀၀)ခန့်အကွာနေရာ၌ တရားမဝင်သင်္ကန်း/ကဒွတ်ခွဲသား (၅၁)ချောင်း (၂၅.၉၃၇၆)တန်တင်ဆောင်ထားသော စက်လှေ(၁)စီးအား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 10, 2019 - 15:00