ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့ဝင်/ထွက်ဂိတ်နေရာ၌ မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၉-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့ဝင်/ထွက်ဂိတ်နေရာ၌ မော်တော်ယာဉ်အမှတ်(MDY 2M/6875) NISSAN CARAVAN (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၈)ချောင်း (၂.၁၂၇)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်

date: 
Thursday, September 12, 2019 - 14:45