ပုသိမ်မြို့နယ်၊ ကြာအင်းချောင်းဘေးမှ တရားမဝင် တောင်သရက်ခွဲသားများ ဖမ်းဆီးရမိ

၁၀-၉-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ရေကျော်ချောင်း၊ ကြာအင်းချောင်းဘေးတွင် တရားမဝင် တောင်သရက်ခွဲသား (၉၈)ချောင်း (၁၁.၉၀၇၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, September 12, 2019 - 14:45