သစ်တောဦးစီးဌာနသို့ Korea Forest Service and Asian Forest Cooperation Organization (AFoCO)မှ မီးသတ်ယာဉ်နှင့် ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသို့ Korea Forest Service and Asian Forest Cooperation Organization (AFoCO)မှ မီးသတ်ယာဉ်နှင့် ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၂-၉-၂၀၁၉ ရက်နေ့ (၁၀:၄၅)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်(သစ်တော)ဦးခင်မောင်ရီမှ အဖွင့်အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကိုရီးယားသမ္မတနိုင်ငံမှ Mr. Kim Jae Hyun (Minister Korea Forest Sevice)နှင့် ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာန အရာရှိကြီးများဖိတ်ကြားထားသည့်ဧည့်သည်တော်များတက် ရောက်ကြပါသည်။

date: 
Friday, September 13, 2019 - 13:30