ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး ကန်သာယာမီးပွိုင့်အနီးတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၂-၉-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး ကန်သာယာမီးပွိုင့်အနီး မြဝတီဓါတ်ဆီဆိုင်ရှေ့တွင် မော်တော်ယာဉ်အမှတ် (YGN P/3320) (Nissan Diesel (၆)ဘီး ခေါင်းဖြူ/ပြာကြား ကိုယ်ထည်မီးခိုးရောင်) ယာဉ်ပေါ်မှ တရားမဝင် ကျွန်း(၁၄၀)ခွွဲခြမ်း/ခွဲသား/တံခါး/ပြတင်း (၉.၇၃၇၆)တန်အား ပိုင်ရှင်မပါရှိပဲ ဖမ်းဆီးရမိခဲ့သဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 17, 2019 - 10:30