ထီးလင်းမြို့နယ်၊ ကျားခဲရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁၅-၉-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ကျားခဲရွာအနီးတွင် မော်တော်ယာဉ်အမှတ် (MGY 3B/5935) NISSAN Diesel (ခေါင်းစိမ်း)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၉၈)ချောင်း (၈.၉၄၄၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, September 17, 2019 - 13:45