ပဲခူးမြို့နယ်၊ မြို့ရှောင်လမ်းတွင်မော်တော်ယာဉ်(၁)စီးနှင့်တရားမဝင်သစ်များဖမ်းဆီးရမိ

၁၆-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော အဖွဲ့မှ ပဲခူးမြို့နယ်၊ မြို့ရှောင်လမ်း ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၁၅၀)ချောင်း (၃.၈၅၁၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များအား သစ်တောဦးစီးဌာနသို့ အပ်နှံ၍ ယာဉ်အား အမှတ်(၁)နယ်မြေရဲစခန်းတွင် အပ်နှံကာ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 19, 2019 - 13:45