အင်းစိန်မြို့နယ်၊ ဘိုခြံမှတ်တိုင်အနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၉-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲသည် ရန်ကုန်-ပြည်လမ်းတစ်လျှောက် တရားမဝင်သစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ အင်းစိန်မြို့နယ်၊ ဘိုခြံမှတ်တိုင်အနီးတွင် ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်(SHN 5P/1782) အား မသင်္ကာဖွယ်တွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးရာ တရားမဝင်ကျွန်းခွဲသား/ခွဲခြမ်းမျာဖမ်းဆီးရမိခဲ့ပြီး တိုင်းတာစစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 19, 2019 - 13:45