ပေါက်မြို့နယ်၊ ကျောက်ထု-ပေါက်-ပခုက္ကူကားလမ်းအနီးတွင် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁၇-၉-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ်၊ ကျောက်ထု-ပေါက်-ပခုက္ကူကားလမ်း၊ မိုင်တိုင်အမှတ်(၅၉/၂)၏ မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ကျောက်မဲတောင်တောတိုက်၊ က.ပ.စ(၂၄)နယ်နိမိတ်အစပ်တောတွင်း နေရာမှ တရားမဝင် ပိတောက်ခွဲသား(၃၄)ချောင်း (၂.၈၃၄၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 19, 2019 - 13:45