ကော့ကရိတ်မြို့နယ်၊ လှိုင်ဝစစ်ဆေးရေးဂိတ် ယာဉ်(၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသားဆိုဒ်စုံများ ဖမ်းဆီးရမိ

၁၇-၉-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ် လှိုင်ဝစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ် အမှတ် (BGO-1M/9887) NISSAN (၆)ဘီး၊ အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသားဆိုဒ်စုံ (၅၃၂၂)ချောင်း (၅.၂၉၀၆)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, September 23, 2019 - 15:45