မံစီမြို့နယ်၊ နမ့်မဲကြိုးဝိုင်းအကွက်(၆၀)အတွင်း တရားမဝင်ကညင်သစ်လုံးများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၉-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ စီကော်ကျေးရွာ အရှေ့မြောက်ဘက် (၅)မိုင်ခန့် အကွာ၊ နမ့်မဲကြိုးဝိုင်း၊ အကွက်အမှတ် (၆၀)အတွင်းမှ တရားမဝင် ကညင်သစ်လုံး(၁၀၂)လုံး (၄၈.၇၈၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး သစ်များအား လုံခြုံရာအရောက် သယ်ယူနိုင်ရေးနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 23, 2019 - 15:45