မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း မော်တော်ယာဉ် (၃)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၉-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ ရတ ခလရ(၂၇၆)တပ်မှ ဗိုလ်ကြီးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်းဂျယ် ကားလမ်းတစ်လျှောက်နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ပန်မူကျေးရွာအနီး စိန်လုံ-ပန်မူသွားတောလမ်း ဘေး၊ စိန်လုံကျေးရွာအရှေ့ဘက်မိုင်တိုင်အမှတ်(၂၂)၊(၂၃)နှင့်အနီးဝန်းကျင် နေရာတို့တွင် တရားမဝင်သစ် တင်ယာဉ် (၃)စီးနှင့် တရားမဝင် ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ (၂၅၂)ချောင်း (၆.၅၅၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 23, 2019 - 15:45